ရန်ကုန်-နေပြည်တော်သွား လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား

နေပြည်တော် ၁၄ ဩဂုတ်

 

အမြန်လမ်းမကြီး ရန်ကုန်-နေပြည်တော်သွားလမ်း မိုင်တိုင် 71/7 နှင် 72/0 ကြားတွင် ယနေ့ နံနက် ၁၀ နာရီခွဲ၌  ယာဉ်မောင်း ရဲဝင်း တစ်ဦးတည်းမောင်းနှင်လာသည့် ယာဉ်သည် အဆိုပါမိုင်တိုင်ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့ ရောက်ရှိပြီး ခရေပင်တစ်ပင်အား တိုက်မိကာ ဆက်လက်၍ ယာဉ်နောက်ပိုင်းဖြင့် ထန်းပင်အား ထပ်မံတိုက်မိရပ်တန့်ခဲ့သည်။

 

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာများ ရရှိခဲ့၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်များ အထောက်အကူပြုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်ခဲ့သူ ယာဉ်မောင်းအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

Crd---အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး