ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဖွင့်လှစ်မည့်  Diploma in English for Communication Skills သင်တန်း အမှတ်စဉ် (၁) ကို စိတ်ဝင်စားသူ များပြား

ရန်ကုန် ဧပြီ ၂၆

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် Diploma in English for Communication Skills သင်တန်းကို အမှတ်စဉ် (၁) အဖြစ် ဖွင့်လှစ်မည်ဖြစ်ရာ စိတ်ဝင်စားသူ များပြားနေကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၏ လူမှုကွန်ရက် ပို့စ်အောက်တွင် ကြေညာထားရာ စိတ်ဝင်စားသူ အများအပြားက မှတ်ချက်ပြု ရေးသားကြသည်ကိုလည်း တွေ့မြင်ရသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် CHRD အစီအစဉ်ဖြင့် ဖွင့်လှစ်မည့် Diploma in English for Communication Skills သင်တန်းကို Face to Face နှင့် Online နှစ်မျိုးစလုံး ဖွင့်လှစ်မည်ဖြစ်ကာ English Basic Level 1 သို့မဟုတ် Level 2 အထိ YUFL တွင်တက်ရောက်ပြီးသူများသည် တစ်ဆင့်မြင့်အတန်းတွင် တိုက်ရိုက်တက်ရောက်နိုင်ပြီး ၀င်ခွင့်ဖြေဆိုရန် မလိုအပ်ကြောင်း သိရသည်။

ကျောင်းသားသစ်များမှာမူ English Basic Level 1 မှစတင်တက်ရောက်ရမည်ဖြစ်ပြီး ၀င်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကာ Face to Face တက်ရောက်ရန် လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲကို YUFL တွင် လာရောက်ဖြေဆိုရမည်ဖြစ်ပြီး Online မှ တက်ရောက်ရန် လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲကို Online တွင်ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုချိန်ရောက်ပါက emailမှတစ်ဆင့် Web link ပေးပို့မည် ဖြစ်ကြောင်း အသိပေး‌ကြေညာထားသည်။

လျှောက်လွှာပုံစံကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ရယူပြီး လျှောက်ထားနိုင်ကာ ဧပြီလ ၂၉ ရက်မှ မေလ ၃ ရက်အထိ လျှောက်ထားနိုင်ပြီး မေလ ၅ ရက်တွင် ဝင်ခွင့်စာမေးပွဲ ခုံအမှတ်စာရင်း ထုတ်ပြန်မည်ဖြစ်ကာ မေလ ၆ ရက်တွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် မေ ၈ ရက်တွင် ဝင်ခွင့်အောင်စာရင်းပြီး ငွေသွင်းရမည့်ရက်မှာ မေ ၈ ရက်မှ  ၁၀ ရက်အထိ ဖြစ်သည်။

သင်တန်းကာလမှာ ၁၈လဖြစ်၍ (level တစ်ခုလျှင် ၃လဖြင့် စုစုပေါင်း ၆ ခုဖြစ်ကာ သင်တန်းကြေးအနေဖြင့် တစ်သိန်းကျပ်ဖြင့် level တစ်ခုချင်းစီ ခွဲသွင်းရန်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်တန်းပိုချမည်ဖြစ်ပြီး Face to Face ကို စနေ၊ တနင်္ဂနွေတွင်လည်းကောင်း၊ Online-Basic l,ll ကို သောကြာ၊ စနေ၊ တနဂ်နွေတွင်လည်းကောင်း၊ Online-Inter I ကို စနေ၊ တနင်္ဂနွေတွင်လည်းကောင်း သင်တန်းပိုချမည်ဖြစ်ပြီး အချိန်အနေဖြင့်Face to Face ( Basic I,IIကို နံနက် ၉နာရီမှ ၁၂နာရီအထိနှင့်  Inter Iကို နေ့လည် ၁ နာရီမှ ၄ နာရီအချိန်အထိ လည်းကောင်း၊ Online (Basic I,II ကို ညနေ ၆ နာရီမှ ၈ နာရီအထိနှင့် Inter I ကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြစ်သည်ဟု ကြေညာထားချက်အရ သိရသည်။

သင်တန်းကာလမှာ မေ ၁၁ ရက်မှစ၍ ၁၈လ ဖြစ်ပြီး  အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ(သိုမဟုတ်) ဘွဲလက်မှတ်မူရင်းနှင့်မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်မိတ္တူ၊ ပတ်စပိုဓါတ်ပုံ(၃)ပုံကို တင်ပြရမည်ဖြစ်သည်။ 

အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ၀၁-၇၅၁၃၁၉၀၊ ၀၉-၄၄၂၂၅၃၈၁၂၊ ၀၉-၉၇၆၅၃၅၆၅၆၊ ၀၉-၇၉၁၂၆၉၇၉၈  ၊၀၉-၄၂၈၂၂၇၄၈၄တိုကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

MT