ရန်ကုန်အနောက်ပိုင်းခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်၊ ဩဂုတ် ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီ အသီးသီး တို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ အနုပညာချစ်မြတ်နိုးသူ ပြည်သူများတက်ရောက် ကြသည်၊၊

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် အစိုးရတာဝန်ကို လွှဲပြောင်းယူပြီးနောက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဦးတည်ချက်များအနက် လူမှုရေး ဦးတည်ချက်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့် ဦးတည်ချက်တစ်ရပ် ပါရှိပါကြောင်း ထိုဦးတည်ချက်နှင့်အညီ နိုင်ငံတော်အစိုးရက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲကြီးကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ပြိုင်ပွဲအဖြစ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အနုပညာတွေကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုသည် ပြည်ထောင်စု စိတ်ဓာတ်များ ခိုင်မာလာမည် ဖြစ်‌ကြောင်းဖြင့် ပြောကြားသည်

 

ထို့နောက် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ် ပညာရှင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်၊၊

 

mdn

 

ယင်းနောက် လသာမြို့နယ်မှ ဦးမင်းဦး၏ အောင်ဘာစေ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့်အတူ မရမ်းကုန်းမြို့နယ်မှ မောင်ဖြိုးဝေစိုး၊ မမျိုးသီရိခိုင်တို့က အကဖြင့်လည်းကောင်း၊ မရမ်းကုန်မြို့နယ်မှ မောင်ချစ်ကိုကိုကျော်၊ မအေးသီရိခိုင် တို့က ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ လသာမြို့နယ်မှ ဦးသန်းဇော်နှင့်အဖွဲ့၏ အိုးစည်းအတီးဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကိုလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

ထို့နောက် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် မြန်မာကွန်းဗင်းရှင်း စင်တာ (MCC) ခန်းမ၌ အသီသီးယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆပ်ကော်မတီဝင်များက ကြည့်ရှုအားပေးကြသည်၊၊

 

ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို မြန်မာကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ယနေ့မှဩဂုတ် ၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပြိုင်ပွဲတွင် ၂၄ ဦး၊ အကပြိုင်ပွဲတွင် ၁၁ ဦး၊ အရေးပြိုင်ပွဲတွင် ၁ ဦး၊ အတီးပြိုင်ပွဲတွင် ၅၅ ဦး စုစုပေါင်း ၉၁ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

 

သတင်းစဉ်