ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နေ့သင်တန်းများ စတင်ဖွင့်လှစ်

သန်လျင် မေ  ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ နေ့သင်တန်းများကို မေ ၁၂ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကာလနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက် ပညာသင်ကာလ နေ့သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ အတန်းအသီးသီးသို့ ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)