ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှဝန်ထမ်းများ၏ သား၊ သမီးများအား ကျောင်းသုံးစာရေးကရိယာနှင့်ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ် 


ရန်ကုန် ဇွန် ၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ ရုံးချုပ်၊ ခရိုင် (၄) ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းသားသမီးများ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ ခရိုင်လျှပ်စစ် မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

mdn


 အခမ်းအနားတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမှုဆောင် အရာရှိချုပ်တို့က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းဝတ်စုံအတွက် ထောက်ပံ့စရိတ်များ ထောက်ပံ့ပေးအပ်ကြသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်များမှ ပညာသင်ကြားကြမည့် မူလတန်းကြိုအဆင့်မှ ဘွဲ့လွန်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၅၃) ဦးအတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်ထောက်ပံ့ငွေ ၂၄,၁၄၈,၈၀၀ ကျပ် ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဓာတ်ပုံ - YESC

သစ္စာ(mna)