ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ဗန္ဓုလတံတားအဆင်းတွင် YBS ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဇွန် ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ဗန္ဓုလတံတားအဆင်းတွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က YBS ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ-CJ