ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေး ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၃

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း မြေအောက်ရေစုကန် တည်ဆောက်နေမှု၊ ဒေါပုံမြို့နယ်ရှိ အလင်းရောင်မြစ်ထွက်ပေါက်၊ သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းရှိ အမှတ်(၃) မြစ်ထွက်ပေါက်၊ အမှတ်(၄) မြစ်ထွက်ပေါက်နှင့် အမှတ်(၇) မြစ်ထွက်ပေါက် ရေစီးရေလာ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် သာကေတမြို့နယ် ၉ ရပ်ကွက်၊ ဧရာဝဏ်လမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ ၇/အရှေ့ရပ်ကွက်၊ အတွင်းရှုခင်းသာလမ်းထောင့် ဧရာဝဏ်ရေပေးဝေရေးစခန်း (၂)အတွင်း မြေအောက်ရေစုကန် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်