ရန်ကုန်မြို့ရေပေးဝေမှု ခေတ္တပြတ်တောက်မည့် မြို့နယ်အချို့ရှိ ရပ်ကွက်နေပြည်များအတွက် ရေသယ်ယာဉ်ဖြင့်(အခမဲ့) ကူညီမည်

ရန်ကုန်  ၂၇ ဇူလိုင် 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၏ ထုတ်ပြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရှိ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ ကျောက်တံတား၊ သာကေတမြို့နယ်၊ မြို့နယ်အများစုတွင် ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း ခေတ္တ ရေပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့ရက်ကာလအတွင်း ရေလိုအပ်ချက်မှုများ ဖြစ်ပေါ်လာပါက "ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း(ERSSDO) ၏ ရေသယ်ယာဉ်ဖြင့် (အခမဲ့) ကူညီပေးသွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ရေလိုအပ်ချက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာအနီး မိသားစုလမ်း ဖုန်း ဝ၉-၂၆၀ဝ၁၃၂၇၃၊ ဝ၉-၄၂၀၆၄၀ဝ၂၀ တို့သို့ (၂၄)နာရီ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။ 

မျိုးမင်းသိန်း(မရမ်းကုန်း)