ရန်ကုန်မြို့တော် မဟာသင်္ကြန်(ဗဟို) မဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၁၆ ဧပြီ

 

၁၃၈၀ပြည့်နှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကိုယနေ့ (သင်္ကြန်အတက်နေ့) ညနေ ၅ နာရီတွင်  ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌  ကျင်းပရာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အမှာစကားပြောကြားပြီး ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်း ကြေညာသည်။

 

1

 

ထို့နောက် အနုပညာရှင်များ၊ ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များကရိုးရာအကအလှများဖြင့်ဖျော်ဖြေပြီးမန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် သီဆို ဖျော်ဖြေကြကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

 

2

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိ သူများက ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ဆုရရှိကြ သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ယိမ်းအဖွဲ့များအားဆုများ ပေးအပ် ချီးမြှင့်ကြသည်။

 

33

 

ညပိုင်းတွင် ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်အဖွဲ့များက တေးသီချင်းများ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာလာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

44

 

(သတင်း-မင်းသစ်/ဓာတ်ပုံ-ရဲထွဋ်)

 

66