ရန်ကုန်မြို့တော်ဝန် မင်္ဂလာဈေးသစ်တည်ဆောက်ရေးလုပ်ငန်းခွင်ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် 

       

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ် မြေအောက်()ထပ် မြေပေါ်(၁၅)ထပ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရူစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့် အညီ ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အဆိုပါ မင်္ဂလာဈေးသစ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး မူလဈေးသူ ဈေးသားများအား ပြန်လည်နေရာချထားမည့် မြေအောက် ၂ ထပ်နှင့် မြေပေါ် ၅ လွှာတည်ဆောက်ခြင်း လုပ်ငန်းသည် ယခုအခါ ၇၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ဈေးသစ်မြေညီထပ်နေရာ၌ အဆင့်မြင့်ဈေး ဆိုင်ခန်းများ၊ ဘဏ်များနှင့် စားသောက်ဆိုင်များ၊ မြေအောက်ထပ်(Basement) ထပ်အပါအဝင် အထပ်မြင့် ထပ်မှ ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နား ရန်နေရာများ၊ အထပ်မြင့် ထပ်နှင့် ၁၀ ထပ်တွင်ဆိုင်ခန်းများ နှင့်ကုန်လှောင်ရုံများ၊ အထပ်မြင့် ၁၁ ထပ်မှ ၁၃ ထပ်အထိ ရုံးခန်းများ စသည့်ဖြင့် ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ယခင်မင်္ဂလာဈေး မီးလောင်မှု ကြောင့် ဈေးအတွင်းဆိုင်ခန်းများ ငှားရမ်းကာရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများအတွက် မြေညီထပ်မှ အထပ်မြင့် ထပ်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆိုင်ခန်း နေရာများ စီမံခန့်ခွဲကာ ပြန်လည်နေရာ ချထားပေးမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)