ရန်ကုန်မြို့တော်ဝန် ရန်ကုန်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်မှု ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၁

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့တွင်းရှိ အဓိကလမ်းမကြီးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းအား ကတ္တရာကွန်ကရစ်(AC) ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်သို့လည်းကောင်း၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သံလွင်လမ်းကြားရှိ တက္ကသိုလ်ရိပ်သာလမ်းအား မီးပွိုင့်အပိတ်မျဉ်း၊ လမ်းလယ်မျဉ်းနှင့် ယာဉ်ကြောမျဉ်း Road Marking များ ရေးဆွဲခြင်းလုပ်ငန်းခွင်သို့ လည်းကောင်း သွား‌ရောက်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီရန်၊ လမ်းဆုံမီးပွိုင့်များ မြင်ကွင်းရှင်းလင်း အောင်ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်