ရန်ကုန်မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်များ စိန်ခေါ်ပွဲ၌ ပြင်သစ်လူမျိုး ပါဝင်ယှဉ်ပြိုင် ထိုးသတ်

ရန်ကုန် ၂၆ မေ   

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး စိုင်းဇော် ဇော်ဂရု(ပ်)က စီစဉ်ကျင်းပသည့် ရန်ကုန်မြန်မာ့ရိုးရာလက်ဝှေ့ကလပ်အသင်းများ စိန်ခေါ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ သတ္တိကလပ်မှ ပြင်သစ်လူမျိုး စောဘစံ(BASTIEN) ပါဝင်ယှဉ်ပြိုင်ထိုးသတ်သည်။


 
ယနေ့ကျင်းပသော ရန်ကုန်မြန်မာ့ရိုးရာလက်ဝှေ့ကလပ်အသင်းများ စိန်ခေါ်ပွဲတွင် စုစုပေါင်း  ရန်ကုန်ကလပ်အသင်း ၁၀ သင်းမှ ပွဲစဉ် ရှစ်ပွဲပါဝင်ယှဉ်ပြိုင် ထိုးသတ်ကြသည်။ ပထမဦးဆုံး သုံးချီစိန် ခေါ်ပွဲတွင် ကောင်းဆက်နိုင်(ဖိုးရာဇာ)နှင့် သတ္တိသွေး(ဒေါင်းမြန်မာ)တို့ပွဲစဉ်၌ လူငယ်မျိုးဆက်သစ်များ ပီပီ ဟန်ရေးမပါဘဲ မာန်အပြည့်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း ပူးတွဲသရေကျခဲ့သည်။ အလား တူ ဇွဲလုလင်(ခြင်္သေ့မင်း)နှင့် လေပြေသွေး(A.M.T-2) တို့ပွဲစဉ်သည်လည်း အရှုံးအနိုင်မပေါ်ဖြစ်ခဲ့ကာ ဇွဲသီဟ(အဖြူရောင်သွေးသစ်)နှင့် ဗညား (နဂါးမာန်)၊ ဇင်မိုးဟိန်း (RAY)နှင့် ရဲထက် (S.T.L)တို့ပွဲနှင့် သုံးချီနောက်ဆုံး စိန်ခေါ်ပွဲဖြစ်သော ပြင်သစ်နိုင်ငံသား စောဘစံ (BASTIEN)နှင့် အောင်သူရ (ခြသေ့ၤ မင်း)တို့ပွဲများတွင် တစ်ဖက်နှင့်တစ်ဖက် ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ကာ ပရိသတ်အကြိုက်ဖြစ် ခဲ့သော်လည်း  အရှုံး/အနိုင်မပေါ်ဘဲ ပူးတွဲသရေများဖြင့်သာ ရှုမြင်ခဲ့ရသည်။ 

 

02.jp

 

တစ်ဖန် လေးချီအထူးစိန်ခေါ်ပွဲများဖြစ်သော သျှမ်းတောက် (A.M.T-2)နှင့် ပိုင်သက်အောင် (ကညောသွီး)တို့ပွဲတွင် ပွဲစသည်နှင့် သျှမ်းတောက် ဘယ်ညာလက်သီးတွဲလုံးများကို ဆွဲသုံးကာ တရ စပ် အနိုင်ပိုင်းရန် ကြိုးစားခဲ့သော်လည်း အသည်းမာ ဇွဲပါလှသော ပိုင်သက်အောင်ကို အနိုင်မပိုင်းနိုင် ဘဲ နောက်ဆုံး လေးချီတွင် သရေဖြင့် ကျေနပ်ခဲ့ရပြီး လေးချီ ဒုတိယပွဲစဉ်တွင် စောရေထူး(သတ္တိ)နှင့် ကိုကိုအောင်(အဖြူရောင်သွေးသစ်)တို့ပွဲ၌ ကြိုးဝိုင်းဒိုင်မှလွှတ်သည်နှင့် ကိုကိုအောင် မာန်အပြည့်နှင့် စောရေထူးကို လိုက်လံယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အရွယ်ငယ်ပေမယ့် ပညာစုံလှတဲ့ စောရေထူး ကလိမ်မာပါးနပ်စွာ ရှောင်တိမ်းကစားရင်း ပထမအချီ ၁ မိနစ်မှာပဲ ကိုကိုအောင်ကို ဖြောင့်လက်သီး တစ်လုံး ဆွဲသုံးကာ လဲအကျတွင် ညာခြေကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ယူလိုက်သည်။ 

 

နောက်ဆုံးပွဲစဉ်ဖြစ်သည့် ငါးချီအထူးစိန်ခေါ်ပွဲတွင် စောမူထော်ဂေး(သတ္တိ)နှင့် ကျားဗဟိန်း (ခြင်္သေ့မင်း)တို့ပွဲစဉ်၌ ရိုးရာလက်ဝှေ့အတွေ့အကြုံပိုင်းဆိုင်ရာ ရင့်ကျက်နေသော ကျားဗဟိန်း (ခြင်္သေ့မင်း)က စောမူထော်ဂေး ကို မာဂုဏ်ပြကာ ပညာစုံဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ အရပ်အ မောင်းမြင့်သလို ခြေကန်ချက်များ တွင်တွင်သုံးကာ အနိုင်ယူလိုသော စောမူထော်ဂေးသည် ကျား ဗဟိန်း ဘယ်/ညာ တွဲလုံးများကို ဟန့်တားနိုင်ခဲ့သလို တစ်ဖန် ပြည်တွင်း/ပြည်ပ ရိုးရာလက်ဝှေ့ပွဲ အတွေ့အကြုံများသော ကျားဘဟိန်းကလည်း အမြင့်ခြေကန်ချက်များဖြင့် ပွဲသိမ်းရန် ကြိုးစားလာ သော စောမူထော်ဂေးအဝင်အထွက်များကို လှပသော အရှောင်အတိမ်းများဖြင့် ကောင်တာတစ်ပြန် တိုက်စစ်တစ်ပြန် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပရိသတ်အကြိုက်ဆုံးသော ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။ 

 

သို့သော် ငါးချီပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး ရေကုန်ရေခန်း ပညာစုံထုတ်ကာ ယှဉ်ပြိုင်ထိုး သတ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့်သာ ကျေနပ်လိုက်ရကြောင်း သိရသည်။  

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

 

003.j