ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ လှမျိုးထွန်းက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းက မုဒိတာစကားများ ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ဦးဆောင်ဆွေးနွေးသူနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် မြန်မာစာဌာန ကထိကဒေါ်နီလာတင့်က တွဲဖက်ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


