ရန်ကုန်နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၈ ရက် နံနက်ပိုင်းက  ရန်ကုန်နည်းပညာတက္ကသိုလ် ဝင်းအတွင်း ကျင်းပခဲ့သည်။

 

သစ်ပင်စိုက်ပျိုးရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်ဝင်းအတွင်း သတ်မှတ်နေရာများတွင် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက အမြင့် ၂ ပေနှင့်အထက် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ မဟော်ဂနီ၊ မန်ဂျန်းရှား၊ ပျဉ်းမ၊ ထိုင်ဝမ်ဗန်ဒါ၊ စိန်ပန်း သစ်မျိုး ကိုးမျိုး၊ အပင်အရေအတွက် ၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)