ရန်ကုန်ပညာရေးတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၁၅

 

 (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

 

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊  ပါမောက္ခ (ဌာနမှူး)များ၊  ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ မော်ကွန်းထိန်းများ၊ အဆောင်မှူး များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က အဖွင့်အမှာစကားတွင် အာဇာနည်နေ့နှင့်ပတ်သက်သည့် သိကောင်းစရာများကိုပြောကြားပြီး မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် အသက်ပေးရယူသွားခဲ့သော ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲအမှတ်ရစေရန် နှင့် မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမူယာက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည် (၉)ဦး၏ သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိအတုယူစေရန် ရှင်းလင်းပြောကြား ပါကြောင်း။

 

ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် (ပထမဆု၊ ဒုတိယဆု၊ တတိယဆု)ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်းနှင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)