ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ 

ရန်ကုန် ဖေဖော်ဝါရီ  ၂၈

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်တွင်  China Foundation for Rural Development မှ Paukphaw ပညာသင်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီက ရန်ကုန်ပညာရေး တက္ကသိုလ်၊ Seminar Room ၌ ကျင်းပသည်။ 

အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် (သင်ကြား+IR)၊ China Foundation for Rural Development မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ စီမံရေးရာ၊ ဘဏ္ဍာ၊ သင်တန်းရေးရာဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊  ပါမောက္ခများ၊ မော်ကွန်းထိန်းနှင့် ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒု-ပါမောက္ခချုပ် ဒေါက်တာညိုညိုလွင်က ကျောင်းသား၊ကျောင်းသူ များကို Paukphaw ပညာသင်ဆု ပေးအပ်ချီးမြှင့်ပေးပါသော China Foundation for Rural Development မှ တာဝန်ရှိပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ဝမ်းသာကြည်နူးမိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုချီးမြှင့်ငွေကို မိမိတို့ပညာရေးအတွက် အကျိုးရှိစွာ အသုံးပြုစေလိုကြောင်း ပြောကြားသည်။

ထို့နောက် China Foundation for Rural Development, Myanmar Office မှ ဒေါ်ဆောင်းနှင့်ပွင့်က Paukphaw ပညာသင်ဆု ပေးအပ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက် များကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားပြီး Paukphaw ပညာသင်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကို တစ်ဦးလျှင် ငွေကျပ်(၅)သိန်းစီ ချီးမြှင့်သည်။ 

ယင်းနောက် Paukphaw ပညာသင်ဆုရရှိသည့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ကိုယ်စား ကျောင်းသား၊ ကျောင်းသူ(၂)ဦးတို့က China Foundation for Rural Development ကို ကျေးဇူးတင်စကားပြောကြားပြီး မိမိတို့ရရှိသည့် Paukphaw ပညာသင်ဆု ချီးမြှင့်ငွေကို မိမိတို့ပညာရေးအတွက် အကျိုးရှိစွာအသုံးပြု မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်