ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်အတွက် ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၈

ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင်လက်မှတ်အတွက်     ဆရာအတတ်ပညာရက်တိုသင်တန်း (အထက်တန်းအဆင့်နှင့် နိုင်ငံတကာသင်ရိုးကျောင်း) ကို ဧပြီ ၂၃ ရက်မှမေ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊  စီမံ ရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပညာရေးသဘော တရားနှင့်ပညာရေးစီမံခန့်ခွဲမှုဌာန၊ ပညာရေးစိတ်ပညာဌာနနှင့် သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 

အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များနှင့် ပညာရေးသဘော တရားနှင့်ပညာရေးစီမံခန့်ခွဲမှုဌာန၊ ပညာရေးစိတ်ပညာဌာန၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း ဌာနများမှ ပါမောက္ခ(ဌာနမှူး)တို့က သင်တန်းသား၊ သင်တန်းသူများထံသို့  ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
 
ထို့နောက် ပုဂ္ဂလိကကျောင်း ဆရာအတတ်ပညာသင်တန်း(အထက်တန်းအဆင့်)မှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကလည်းကောင်း၊ ပုဂ္ဂလိက ကျောင်း ဆရာအတတ်ပညာသင်တန်း(နိုင်ငံတကာသင်ရိုးကျောင်း)မှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လည်းကောင်း ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်