ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး လေ့ကျင့်နေမှု မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့ ကြည့်ရှုအားပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့ နံနက် ၆ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ ဘုမ္မာ (၁၇) လမ်းရှိ သက်လုံအားကစား လေ့ကျင့်ရေးကွင်း၌ တိုင်းလက်ရွေးစင်နှင့် အရှေ့ပိုင်းခရိုင်လက်ရွေးစင် အသက် (၁၇) နှစ်အောက်နှင့် အသက် (၁၄) နှစ်အောက် ဘောလုံးအားကစား မောင်/မယ်များ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့က အားကစားသမားများအတွက် လေကျင့်ရေးဝတ်စုံ၊ ချွေးသိပ့်ဝတ်စုံနှင့် အားကစားဘောလုံးများ အားကစားကွင်းအတွင်း လိုအပ်သည့် အားကစားပစ္စည်း ကိရိယာများ ဖြည့်တင်းတပ်ဆင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်သို့ သွားရောက်၍  ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့ရိုးရာ လှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားမောင်/မယ်များကို အားပေး စကားပြောကြားသည်။ အဆိုပါ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အမျိုးသား (၁၀) ယောက်တွဲ၊ အမျိုးသမီး (၁၀) ယောက်တွဲ၊ အမျိုးသား (၇) ယောက်တွဲ၊ အမျိုးသမီး (၇) ယောက်တွဲ၊ အမျိုးသား/ အမျိုး သမီးပေါင်း (၁၀) ယောက်တွဲများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

mdn

 

ထိုမှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမရှေ့တွင် ဂါလန် (၁)သိန်းဆံ့ RC Ground Tank ရေစုကန် တည်ဆောက်ပြီးစီး၍ ယာဉ်ရပ်နားရန်နေရာ၊ ခန်းမအုတ်တံတိုင်း၊ လူသွားစင်္ကြံနှင့် ကတ္တရာလမ်း ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြို့တော်ဝန်သည် မြို့တော်ခန်းမ၊  ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသော ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ e-Government Applied Training အမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်

 

mdn