ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် လှော်ကားရေလှောင်ကန် ရေဝေရေလဲ ဧရိယာအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုး

ဇွန် ၂၀ ရက်

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက လှော်ကားရေလှောင်ကန် ရေဝေရေလဲ ဧရိယာအတွင်းကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်စိုက်ပျိုးခဲ့သည်။

 

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်တို့မှ တစ်မြို့နယ် ၄ ဧကစီ အချိုးကျ ခွဲဝေပြီး ကြီးမြန်သစ်ပင်ပေါင်း ၆၆၀ဝ၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

လှော်ကားကန် ရေဝေရေလဲဒေသစိမ်းလန်းစိုပြေစေရန်နှင့် မြေဆီလွှာတိုက်စားမှုမရှိစေရေး ကာကွယ်ထိန်းသိမ်းရန် လှော်ကားကန်အတွင်းသို့ ရေဝင်ရောက်မှုကောင်းမွန်စေပြီး လှော်ကားကန် တိမ်ကောမှုမဖြစ်လာစေရန်၊ ဂေဟစနစ်ပြန်လည်ကောင်းမွန်လာပြီး ရန်ကုန်မြို့တော်အတွင်း ကောင်းမွန်မျှတသည့် ရာသီဥတုရရှိစေရန်၊ တောအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းမှ လျော့ပါးသက်သာစေရန်ရည်ရွယ်ကာ စိုက်ပျိုးရခြင်း ဖြစ်ကြောင်းသိရသည်။

 

ဆန်းကျော်ဦး ( ပြန် / ဆက်)

 

ငစျ