ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ၃၀ မေ      

 

၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို မေလ ၂၂ ရက်မှ စတင်ကျင်းပ၍ ဆုပေးပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပိုက်ကျော်ခြင်း အားကစားရုံတွင် ကျင်းပခဲ့သည်။

 

mdn

 

အခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သာကေတမြို့နယ်၊ ဒုတိယဆုရ ရွှေပြည်သာမြို့နယ်နှင့် တတိယဆုရ သင်္ဃန်းကျွန်းမြို့နယ် အသင်းတို့နှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ကွမ်းခြံကုန်းမြို့နယ်အသင်း၊ ဒုတိယဆုရ တွံတေးမြို့နယ်အသင်းနှင့် တတိယဆုရ သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုအား တစ်ဦးချင်း ဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊   မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒိုင်ချုပ်ဦးငွေသိန်းက အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သာကေတမြို့နယ်၊ ဒုတိယဆုရ သန်လျင်မြို့နယ်နှင့်တတိယဆုရ လှိုင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် ပြိုင်ပွဲအသီးသီးတွင် အကောင်းဆုံးအားကစားသမားဆု ရရှိသော ကစားသမားများကို ဆုတံဆိပ်နှင့်အတူ ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုရရှိသွားသော သာကေတမြို့နယ်အသင်း၊ အမျိုးသမီး သုံးယောက် တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုရရှိသွားသော ကွမ်းခြံကုန်းမြို့နယ်အသင်း တို့အား သက်ဆိုင်ရာမှ တာဝန်ရှိသူများက ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း က အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် သာကေတမြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလားကြီးနှင့်အတူ ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။    

 

MDN