ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လှိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအားဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

 

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည်   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ် ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို နည်း မျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၂) ရပ်ကွက် ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး (စစ်မှုထမ်းဟောင်းငြိမ်း) သည် ဘတ်စ်ကားဂိတ်မှ စက်ရုံသို့ လမ်းလျှောက်လာစဉ် လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်း ရတနာမွန်အိမ်ရာ တိုက်အမှတ် (၃/အေ) ရှေ့အရောက်တွင် စက်ဘီးစီးနင်းလာသော အကြမ်းဖက်သမားနှစ်ဦးက ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေး မှုများကြောင့် ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် တရားခံ တင်စိုး (ခ) ဘိုးတော်အား ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက် အေးရိပ်မွန်လမ်းမပေါ်၌ လည်းကောင်း၊ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပေးခဲ့သူ တရားခံ အေးသိန်းအား ယင်းနေ့ညနေပိုင်းတွင် လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက် ဓာတုဗေဒလမ်းရှိ ရွှေဝါဆပ်ပြာစက်ရုံဝင်းအတွင်းရှိ နေအိမ်၌လည်းကောင်း၊ တရားခံ ချစ်ကိုအား ယင်းနေ့ညပိုင်းတွင် ကမာရွတ်မြို့နယ် အမှတ်(၈)ရပ်ကွက် ခေမာလမ်း တိုက်အမှတ်(၉) အခန်းအမှတ် (ဘီ/၄) ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် လက်နက်/ခဲယမ်းများ ပေးအပ်ခဲ့သည့်လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အောင်ဇော်လင်း (ခ) အောင်ကြီး အား ဖေဖော် ဝါရီ ၈ ရက် ညပိုင်းတွင် လှိုင်သာယာမြို့နယ် ရမည်းသင်းလမ်း အမှတ် (၁၄၇၀/က) နေအိမ်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အောင်ဇော်လင်း (ခ) အောင်ကြီး၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် လှိုင် PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် အောင်ခန့်ဖြိုး (ခ) မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း (ခ) ကိုကင်းတို့ နှစ်ဦးကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်း မြို့နယ် (၁၆/က)ရပ်ကွက် သမာဓိ (၁)လမ်း အမှတ်(၅၅၆)နေအိမ်၌ လည်းကောင်း၊ ညီညီထွေး (ခ)သံချောင်း အား လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၁၈)လမ်း အခန်းအမှတ်(ဒီ/၁၀)၌ လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

 

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်သော အောင်ဇော်လင်း (ခ) အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုး ငြိမ်း(ခ)ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်း တို့ လေးဦးသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလခန့်တွင် KNLA တပ်မဟာ(၂)၊ ရင်း(၆)နယ်မြေ၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တစ်လတက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဇွန်လခန့်တွင် လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား NLD ပါတီမှ အင်းစိန်မြို့နယ် အမှတ်(၂) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဖမ်းဆီးရန်ကျန် တရားခံ ဝေဖြိုးဟန်နှင့် ဖမ်းဆီးရန် ကျန်တရားခံ ကြိုးကြာ(ခ)သန်းဝင်း ထွန်း(ခ)ဘိုဘား တို့ ခေါင်းဆောင်၍ အောင်ဇော်လင်း (ခ) အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုး ငြိမ်း(ခ)ကိုကင်း၊ ညီညီထွေး(ခ)သံချောင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော မောင်ဇော်(ခ) လှိုင်ဘွား၊ Snake ၊ ပူတင်၊ စိုင်းရပ်၊ အေကေ နှင့် ကြက်ဖကြီးတို့ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် မြတ်မိဘ ကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ အရောင်းကိုယ်စားလှယ် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ ချစ်ကိုသည် စက်ရုံ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးအပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များဖြင့် ဒလန်ဟုစွပ်စွဲ၍ စက်ရုံဝန်ထမ်းဟောင်းများ ဖြစ်သည့် တင်စိုး(ခ)ဘိုးတော်နှင့် အေးသိန်းမှ တစ်ဆင့် လှိုင် PDF အမည်ခံအကြမ်း ဖက်အဖွဲ့ဝင် အောင်ဇော်လင်း (ခ) အောင်ကြီးထံသို့ ဆက်သွယ်ကာ ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ် ရန်အတွက် ဦးမြင့်စိုး၏ နေထိုင်သွားလာမှု အခြေအနေများကို သတင်းပေးပို့ခဲ့ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား တင်စိုး (ခ)ဘိုးတော်သည် အောင်ဇော်လင်း (ခ) အောင်ကြီးထံမှ ကြိုတင်ယူဆောင်၍ ၎င်း၏နေအိမ်တွင် သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၃၀ ရက် နံနက် ၄ နာရီခွဲတွင် တင်စိုး(ခ)ဘိုးတော်သည် ပစ္စတိုသေနတ်အား အောင်ဇော်လင်း(ခ)အောင်ကြီး ထံသို့ လှိုင်မြို့နယ် အေးရိပ်မွန်လမ်း နှင့် ရတနာမွန် (၇) လမ်းအနီး၌ သွားရောက်ပေးအပ်ခဲ့ပြီး အောင်ဇော်လင်း(ခ) အောင်ကြီးသည် အဆိုပါပစ္စတိုသေနတ်အား ချောင်းဝ ကားမှတ်တိုင်အနီး၌ အသင့်စောင့်ဆိုင်းနေသည့် လှိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန် ကျန် တရားခံမောင်ဇော် (ခ) လှိုင်ဘွားနှင့် Snake ထံသို့ ထပ်မံပေးအပ်ခဲ့ကြောင်း၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မောင်ဇော် (ခ) လှိုင်ဘွားနှင့် Snake တို့ နှစ်ဦးသည် ကားမှတ်တိုင်မှ လမ်းလျှောက်လာသော ဦးမြင့်စိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များသည် စစ်မှုထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံ သတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

(က)     ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်တွင် ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက် လှည်းတန်း(၂)လမ်းထိပ်၌ အပြစ်မဲ့ပြည်သူ သုံးဦးအား ဒလန်ဟုစွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း (ခ) ကိုကင်း နှင့် ညီညီထွေး (ခ) သံချောင်း တို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာ ရရှိခဲ့မှုတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

(ခ) ဇူလိုင် ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်ပွင့်လမ်း၌ ရာအိမ်မှူး ဦးခင်မောင်လတ် (ခ)ကိုလတ်အား ဒလန်ဟု စွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း (ခ) ကိုကင်း နှင့် ညီညီထွေး (ခ) သံချောင်း တို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

(ဂ) ဇူလိုင် ၁၈ ရက်တွင် လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက် ဘုရင့်နောင် (၉)လမ်းပေါ်၌ တပ်မတော်မှအရာရှိ တစ်ဦး နှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးရန်ကျန် တရားခံ မောင်ဇော် (ခ) လှိုင်ဘွား နှင့် Snake တို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင် အောင် ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

(ဃ) ဩဂုတ် ၃၀ ရက်တွင် အင်းစိန်မြို့နယ် ဈေးကုန်း (အရှေ့) ရပ်ကွက် အင်းစိန်ဈေးအနီး၌ အပြစ်မဲ့ပြည်သူ တစ်ဦးအား ဖမ်းဆီးရန် ကျန်တရားခံ မောင်ဇော် (ခ) လှိုင်ဘွားနှင့် စိုင်းရပ် တို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

(င) စက်တင်ဘာ ၁၇ ရက်တွင် လှိုင်မြို့နယ် အမှတ်(၁၃)ရပ်ကွက် ရတနာလမ်း၌ ရာအိမ်မှူး ဦးအောင်စိုးအား ပြည့်ဖြိုးငြိမ်း (ခ) ကိုကင်း နှင့် ညီညီထွေး (ခ) သံချောင်းတို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ် ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

 

 

(စ) အောက်တိုဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၌ စစ်မှုထမ်းဟောင်း ဦးသိန်း မြင့်ဦးအား ညီညီထွေး(ခ)သံချောင်းနှင့် ဖမ်းဆီးရန် ကျန်တရားခံ အေကေတို့ကပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

 

(ဆ)     အောက်တိုဘာလ ၂၀ ရက် တွင် လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက် ဗဟိုလမ်းထောင့်နှင့် ပေါင်းစည်းလမ်း ထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦးတို့အား အောင်ခန့်ဖြိုး (ခ) မိုးတိမ်နှင့် ပြည့်ဖြိုးငြိမ်း (ခ) ကိုကင်းတို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

 

(ဇ) ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် အမှတ် (၂)လမ်းထောင့်၌ စစ်မှုထမ်းဟောင်း ဦးကျော်မင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်နော်စောမြတ် မွန်တို့အား ဖမ်းဆီးရန်ကျန် တရားခံ မောင်ဇော် (ခ)လှိုင်ဘွားနှင့် ကြက်ဖကြီးတို့က ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

(ဈ )     ဇန်နဝါရီ ၃၀ ရက်တွင် လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်း ရတနာ မွန်အိမ်ရာ၌ စစ်မှုထမ်းဟောင်း ဦးမြင့်စိုးအား ဖမ်းဆီးရန်ကျန် တရားခံ မောင်ဇော် (ခ) လှိုင်ဘွားနှင့် Snake တို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ) အောင်ကြီးမှ အခြေအနေစောင့် ကြည့်ပေးခဲ့ကြောင်း။

 

(ည)     ဖေဖော်ဝါရီ ၃ ရက်တွင် လှိုင်မြို့နယ် အမှတ် (၁)ရပ်ကွက် ဇေယျမင်္ဂလာ(၂) လမ်း၌ မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးအား ဖမ်းဆီးရန် ကျန်တရားခံ စိုင်းရပ်နှင့် ကြက်ဖကြီးတို့က ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင် ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။       

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ လုပ်ကြံသတ်ဖြတ်ခြင်းများအား NLD ပါတီမှ အင်းစိန်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖမ်းဆီးရန် ကျန်တရားခံ ဝေဖြိုးဟန်က ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လက်နက်/ခဲယမ်းနှင့် ငွေကြေး များအား ဝေဖြိုးဟန်သည် ၎င်းတို့ လှိုင် PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ)ဘိုဘားနှင့် ပူတင် တို့မှတစ်ဆင့် အခြားအဖွဲ့ဝင်များ ထံသို့ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ငွေကျပ် ၅၀၀၀၀ မှ ငွေကျပ်၂၀၀၀၀၀ အထိ အသီးသီးခွဲဝေ ထောက်ပံ့ပေးကြောင်းနှင့် လက်နက်/ခဲယမ်းများအား လုပ်ငန်းပြီးဆုံးပါက ကြိုးကြာ (ခ) သန်းဝင်းထွန်း (ခ) ဘိုဘားထံ ပြန်လည် အပ်နှံပေးရကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်း ပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ကြောင်း အသိပေးသတင်း ထုတ်ပြန်ထားသည်။

 

သတင်းစဉ်