ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော် ၁၈ မတ် 

 

ပြ‌ည်သူပူးပေါင်းပါဝင်မှု လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၃ ရက်မှ ၁၆ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၀/၇)၊ Toll Gate တွင် မော်တော်ယာဉ် အမှတ်(8I/2768) Super Custom (အဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၁ ဒသမ ၃၇၅၄ တန်ကိုလည်းကောင်း။

 

5

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျွန်းတောစု ကျေးရွာဟောင်းအနီးတွင် တရားမဝင်ကျွန်းခွဲသား ၇ ဒသမ ၄၀၂၆ တန်ကိုလည်းကောင်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကြေးစီရွာ၏ အရှေ့တောင်ဘက် (၁)မိုင်ခန့်အကွာနေရာ၌ တရုတ်နီအင်ဂျင် (18Hp) (ANEC) (၁)လုံး သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ဘင်္ဂ၊ နှော၊ ပျဉ်းကတိုး၊ သစ်ယာ၊ ဖက်ဝန်း၊ မျောက်ချော၊ ဇင်ပြွန်းသစ်/ခွဲသား ၁၁ ဒသမ ၉၆၈၆ တန်ကိုလည်းကောင်း။

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာအုပ်စု နောင်ကောက်ကျေးရွာအနီး၊ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးနှင့် မိုင်းဝန်းချောင်းဘေး နေရာများမှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ အင်ခွဲသား ၁၃ ဒသမ ၆၆၉၆ တန်ကိုလည်းကောင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဝက်တိုးရွာအနောက် မြောက်ဘက်နှင့် မောင်းခါးကျေးရွာ အရှေ့ဘက်နေရာများ၌ တရားမဝင်အင်ခွဲသား ၁၈ ဒသမ ၄၃၂၄ တန်ကိုလည်းကောင်း၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ် (၁၃၇၊ ၁၃၈)အတွင်း တရားမဝင်ကညင်သစ်လုံး ၃၅ ဒသမ ၇၁၈ တန်၊ ကညင်ခွဲသား ၂၇ ဒသမ ၉၁၃ တန် စုစုပေါင်း ၆၃ ဒသမ ၆၃၁ တန်နှင့် တစ်လုံးထိုး(ပြောင်းချော) လက်လုပ်သေနက်(၁) လက်တို့ကိုလည်းကောင်း။ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ(၈၀၀)ခန့်နေရာ၌ မော်တော်ယာဉ် (၃၃)စီးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့ပြင်  စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းမှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ အင်ခွဲသား ၅၅ ဒသမ ၈၃၄၄ တန်ကို တာယာဘီးတပ်လှည်း (၅)စီးနှင့်အတူ တရားခံ(၄)ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမဘေး၊ ကျိုက်ဒုံသွားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ် (KYN 8H/7203) NISSAN UD (၆)ဘီး (စိမ်း/ပြာရောင်) ယာဉ်ပေါ်မှ တရားမဝင် သင်္ဂဒူခွဲသား ၁၀ ဒသမ ၀၄၂၈ တန်နှင့်အတူ တရားခံ(၁)ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။ 

 

ဂျိုင်းလော