ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေး ဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်

နေပြည်တော်   ဇွန် ၂၁ 

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊  တိုင်းဒေသကြီးအတွင်းရှိ သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်း ကောက်ယူ ရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်၊၊

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သန်းခေါင် စာရင်းကောက်ယူ ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖြန်း ပေးကာ တက်ရောက်လာကြသူများနှင့် ခရီးသွားပြည်သူများကို သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူ ပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးကြသည်။

 

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ဆိုင်းဘုတ်များကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ  ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာ နေရာများ၊ လမ်းဆုံ လမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိသည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်မှ(၁၅)ရက်အတွင်း စာရင်းကောက်ကွက် ပေါင်း (၁)သိန်း(၁)သောင်းခန့်ကို စာရင်းစစ်/စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်၊၊

(သတင်းစဉ်)