ရန်ကုန် မတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမကုန်သွယ်မှုကဏ္ဍ သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန် စားသုံးသူအသင်းသားများနှင့် ပြည်သူများသို့ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင် စေရန် ရည်ရွယ်၍ မတ် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မတ်လအတွင်း မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူဒေသမှထွက်ရှိသော ကြက်သွန်နီ ပိဿာ ၂၀၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများနှင့် အများပြည်သူသို့ ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗလ