ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲ‌ပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင် (၄) ခုရှိ မြို့နယ် (၄) ခုတို့တွင် ဒီဇင်ဘာ (၄) ရက်မှစ၍‌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သုံးခွမြို့နယ် ရပ်ကျေး (၃၈) ခုမှ ပြည်သူ (၅၁၃) ဦး တက်ရောက် လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြသည်။

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စား လှယ်များတက်ရောက် လက်တွေ့စမ်းသပ်မဲပေးလေ့လာ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်