နေပြည်တော်  ဖေဖော်ဝါရီ  ၈

ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း (၁၀၂)နှစ်ပြည့် အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အင်းယားကန်၌ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား  ကျောင်းသူ အားကစားသမား ၁၇၀ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကာ ဖေဖော်ဝါရီ ၉ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး  ပြိုင်ပွဲ ဗိုလ်လုပွဲကို  ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်