ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိ

ရန်ကုန် ဇွန် ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းများအားလုံးကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) သင်တန်းများမှာ ပထမနှစ်၊ ဒုတိယနှစ်(၂၀၂၂အောင်)၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့ပထမနှစ်၊ မဟာဘွဲ့ဒုတိယနှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းများမှာ တတိယနှစ်(၂၀၂၀အောင်)၊ ပထမနှစ်ဂုဏ်ထူးတန်း (၂၀၂၀အောင်)၊ မဟာဥပဒေပထမနှစ်၊ မဟာဥပဒေဒုတိယနှစ်၊ ဒီပလိုမာပထမနှစ်သင်တန်း၊ ဒီပလိုမာဒုတိယနှစ်သင်တန်း၊ ပါရဂူသင်တန်းများအားလုံးကို ဇွန် ၃ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ)နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမပညာသင်ကာလ) ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ခန့်မှန်းဦးရေ ၃၁၇၇ ဦးရှိကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)