ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် ပရိဘောကများ ပံ့ပိုးကူညီ

ဇီးကုန်း  ၂၉ မေ 

 


ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ဝက်ကော်ကျေးရွာ အ.လ.က (ခွဲ)ကျောင်းနှင့် လယ်တွင်းကျေးရွာ အ.လ.က ကျောင်းရှိ စာကြည့်တိုက်များသို့ ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ SVA (Shanti Volunteer Association)မှ ယနေ့ နံနက်ပိုင်းက စာအုပ်စာစောင်နှင့် ပရိဘောဂများ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ 

 

wer4

 

အဆိုပါ အဖွဲ့သည်  ဝက်ကော်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၊ လယ်တွင်းကျေးရွာ အလယ်တန်းကျောင်းတို့ကို သွားရောက်ပြီး ကျောင်းစာကြည့်တိုက်များတွင် စာအုပ်စာစောင် ထားရှိပုံနည်းစနစ်များကို လက်တွေ့ပြသပေးခြင်း၊ ကလေးစာဖတ်ခန်း အပြင်အဆင်များကို ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စာကြည့်တိုက်တစ်တိုက်လျှင် ရုပ်ပုံပါစာအုပ်၊ စိတ်ကူးယဉ်စာပေ၊ အခြားစာပေနှင့် စိတ်ကူးယဉ်မဟုတ်သောစာပေ စာအုပ်(၅၆၅)အုပ်၊ စက္ကူပြဇာတ်၊ စာအုပ်တင်စင်နှစ်ခု၊ စာပွဲနှစ်လုံးတို့ကို ပံ့ပိုးပေးခဲ့သည်။

 

fweoiow

 

ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့သည် ၂၀၁၈ ခုနှစ်မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်နှင့် ပရိဘောဂများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ရာ သာယာဝတီ၊ လက်ပံ့တန်း၊ မိုးညိုနှင့် အုတ်ဖိုမြို့များတွင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ နတ်တလင်း၊ ပြည်မြို့နယ်များတွင် တစ်မြို့နယ် စာကြည့်တိုက်နှစ်တိုက်နှုန်း ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)

 

wefhn;