Rookie Female Actress ဆု ဆွတ်ခူးခဲ့တဲ့ အိုင်ယူ

 

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ အိုင်ယူဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အမျိုးသမီး သရုပ်ဆောင်ထူးချွန်ဆုကို ဆွတ်ခူးခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

စက်တင်ဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ ချန်ဆာနိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အိုင်ယူဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် Broker နဲ့ Rookie Female Actress ဆုကို ဆွတ်ခူးခဲ့တာပါ။ ဒါဟာ အိုင်ယူအတွက် ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပထမဆုံး ထူးချွန်ဆု လက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါဆုကို အိုင်ယူတက်ရောက်လက်ခံခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

 

အိုင်ယူဟာ မကြာသေးမီက မီလန်ဖက်ရှင်သီတင်းပတ်ကို တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားမှာ သူနဲ့အတူရှိခဲ့သူတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူလည်း နေအိမ်မှာပင် အသွားအလာကန့်သတ်ကာ သီးခြားနေထိုင်လျက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

 

အိုင်ယူဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး သူဟာလက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးထားကြောင်းလည်း သိရပါတယ်။

 

အေးပြည့်