ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ရပ်စောက်    မေ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား ရပ်ကွက်/ကျေားရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
    
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယခုပြိုင်ပွဲများတွင် ထူးချွန်သူများအား စီစစ်ရွေးချယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားသားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ရပ်စောက်မြို့နယ် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)