ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေး 

ရပ်စောက်    မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အားနယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ကျောက်တလုံးကြီးကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှအမှတ်(၄)တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့၊တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆေးကုသမှုများဆောင်ရွက်ပေးခြင်း၊ မြို့နယ် ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဌာနအလိုက်သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမိုး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)