ရပ်စောက်မြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာဆက်လက်ဖြေဆို

ရပ်စောက် ဧပြီ ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန ကိုးခုတွင် ဧပြီ ၁ ရက် နံနက် ၉ နာရီက အေးချမ်းစွာ ဖြေဆိုခဲ့သည်။

 

ရပ်စောက်မြို့နယ်အနေဖြင့် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၄၁၅ ဦး၊ ကျောင်းသူ ၇၉၅ ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၁၂၁၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)