ဘားအံ ဇွန် ၁၀

 

ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်သူ့အတွက်ကြိုးပမ်းမှု လုပ်ငန်းစဉ်များတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်အမှာစကား ပြောကြားသည်။

 

သင်တန်းတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ လောင်းကစား ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ စသည့်ဥပဒေဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဘားအံမြို့နယ်နှင့် ကမမောင်း (ဖာပွန်)မြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၀၀ ခန့် တက်ရောက်ခဲ့ကြကာ ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)