ရပ်ကွက်အုပ်ချုပ်ရေးမှူး သီချင်းဆိုရန် မိုက်စမ်းရာမှ ဓာတ်လိုက်သေဆုံး

မင်းလှ ၁၆ ဧပြီ

 


ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်တွင် သင်္ကြန်အတတ်နေ့ ယနေ့နံနက် ၁၀ နာရီခွဲခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သီချင်းဆိုရန် မိုက်စမ်းရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် အသက်(၆၃)နှစ်သည် (ယခင်က လေဖြန်းရောဂါရှိသူဖြစ်ပြီး) နေအိမ်အတွင်း သီချင်းဆိုရန် ရေစိုဖြင့် မိုက်ကိုင်ကာ မိုက်စမ်းစဉ် ဓာတ်လိုက်ခဲ့ပြီး နောက်သို့လန်ကျရာ မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမူခံစဉ်တွင် သေဆုံးသွားကြောင်း၊ ဖြစ်စဉ်အား မင်းလှမြို့မရဲစခန်းက သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 


ပေါက်စ (မင်းလှ)