ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

ပုလော ၁၂ မတ်

           

၂၀၂၀ ပြည့်နှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲကို အမျိုးသားအသင်းအုပ်စု (၇) အုပ်စု၊ အမျိုးသမီးအသင်းအုပ်စု (၅) အုပ်စုဖြင့် မတ် ၁၂ ရက်မှ မတ် ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ လက္ကူးကျေးရွာ၊ တောင်ယာကမ်းကျေးရွာ၊ ကဒဲကျေးရွာ၊ ပုလောကုန်းကျေးရွာ၊ ရှမ်းဒွတ်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းများ ပါဝင်ကြောင်းသိရသည်

 

ထူးဝေယံ(ပုလော)