ချမ်းအေးသာစံ မေ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေးသင်တန်းကို ချမ်းအေးသာစံ မြို့နယ် ဆုတောင်းရမြတ်စွာဘုရား၌ မေ ၂၈ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားပြီး အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ဇော်မြင့် က ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်


