အဒစ်အဘာဘာ၊ စက်တင်ဘာ ၂၅

 

တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် တရုတ်-အာဖရိက အခြေခံ အဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း အာဖရိကသမဂ္ဂ  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊  စက်မှုလုပ်ငန်း ကုန်သွယ်မှုဆိုင်ရာ အကြီးအကဲ အယ်လ်ဘာတို မြူချန်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

 

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် စက်မှုဥယျာဉ်များနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို   ဖန်တီးပေးခဲ့ကြောင်း  ၎င်းကထပ်လောင်းပြောကြားသည်။

 

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် အာဖရိကနိုင်ငံများအကြား ဆက်သွယ်မှုကို မြှင့်တင်နိုင်ခဲ့ပြီး အလုပ်အကိုင်များစွာကိုလည်း ဖန်တီးပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ ယခုနှစ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဆယ်နှစ်ပြည့်သည့် နှစ်ဖြစ်သည့်အတွက် ၎င်းကာလများအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အောင်မြင်မှုများကို သိသာစွာမြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

 

၎င်းစီမံကိန်းအရ အလုပ်အကိုင်များစွာကို ပေးအပ်နိုင်ခဲ့ပြီး အာဖရိကနိုင်ငံများ၏ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အာဖရိကဒေသ နိုင်ငံများသည် တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို များစွာ တန်ဖိုးထားကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ