ရသေ့တောင်မြို့၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ပြောင်းရွှေ့

ရသေ့တောင်  မေ ၁၂

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်လျက်ရှိရာ မြေနိမ့်ပိုင်းကျရောက်သော ကျေးရွာအုပ်စု ၂၈ အုပ်စုနှင့် ကျေးရွာ ၅၈ ရွာ၊ အိမ်ထောင်စု ၁၀၁၀၆ စုမှ လူဦရေ ၄၈၉၂၅ ဦးကို ဘေးလွတ်ရာကုန်းမြင့်ပိုင်း ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မေ ၁၂ ရက် မွန်းလွဲပိုင်းထိ ပြောင်းရွှေ့သည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့်ရှိရာ ကျန်လူများမှာလည်း ဆက်လက်ပြောင်းရွေ့နေကြပြီး ကားများ၊ စက်လှေများဖြင့် အိမ်ထောင်စုလိုက် ပြောင်းရွေ့လျက်ရှိသည်။

 

ထိုသို့  ရွှေ့ပြောင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာလူမှုရေး အသင်းအဖွဲ့များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)