ရသေ့တောင်မြို့၌ ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်

ရသေ့တောင် မေ ၂၀

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post ရုံးခန်းတွင် မေ ၁၈ ရက်မှစ၍ နေ့စဉ် ညနေ ၄ နာရီခွဲတွင် ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေကလည်း ညှိနှိုင်းစည်းဝေး ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် သက်ဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာများက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ရသေ့တောင် (ပြန်/ဆက်)