ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်းကျေးရွာများတစ်ဝိုက် အခြေပြု နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်

နေပြည်တော်   ၁၇   ဇူလိုင်

 

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့် ကျောက်တန်းကျေးရွာများ တစ်ဝိုက် အခြေပြုနေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာ၊ အောင်သာဇေ ကျေးရွာနှင့် ကျောက်တန်း ကျေးရွာများတစ်ဝိုက် ကျေးရွာသူကျေးရွာသားများကို လူသားတံတိုင်း အဖြစ် အသုံးချ၍ ၎င်းကျေးရွာများတစ်ဝိုက် အခြေပြုလျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက် ရှိသည့်အပြင် ရသေ့တောင်မှ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ ထားသည့်အတွက် အဆိုပါနယ်မြေတစ်ဝိုက်ရှိ AA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော် စစ်ကြောင်းများက ယနေ့မှစတင်၍ ဆက်သွယ်ရေးလမ်းကြောင်းပွင့်စေရေးနှင့် ရွာသူရွာသားများကို ကယ်တင်ရန် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ်လျက် ရှိကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)