ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံ

ရသေ့တောင် မေ ၂၃

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ကျောင်းအပ် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံ ပေးကြကြောင်းနှင့် KG တန်းမှ Grade-12 အထိ ကျောင်းသား ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရသေ့တောင်(ပြန်/ဆက်)