ရသေ့တောင်မြို့ပေါ်နေပြည်သူများအတွက် ရေသယ်ယာဉ်များဖြင့် အလှည့်ကျ ရေဖြန့်ဝေပေးလျက်ရှိ

ရသေ့တောင် မေ ၁

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် နွေရာသီကာလ၌ ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိရာ မြို့ပေါ်နေပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။

 

ထို့ကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်ကကြီးမှူး၍ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်နေပြည်သူများ သောက်ရေသုံးရေ ရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ  ရေစုကန်များတွင် ရေဖြန့်ဝေပေးလျက်ရှိရာ မေ ၁ ရက် နံနက်၈နာရီတွင် အရှေ့မြောက်ရပ်ကွက် ရေစုကန်အမှတ်(၈)တွင် စည်ပင်မှ ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၇၅၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရသေ့တောင်မြို့နယ်တွင် မိုးရာသီ၌ မိုးရေချိန်ပြည့်မီအောင်မရရှိခဲ့သဖြင့် ယခုကဲ့သို့ ရေမလုံလောက်မှု ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

 

မြို့နယ်(ပြန်/ဆက်)