ရသေ့တောင်မြို့ရှိ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ထားသော ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံပစ္စည်းများ လှူဒါန်း

ရသေ့တောင်  မေ ၂၃

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သော အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များက မေ ၂၂ ရက်က ရသေတောင်မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းသို့ သွားရောက်ခဲ့သည်။

 

ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့ပေါ်ရှိ ယာယီ​​လေဘေးခိုလှုံရာစခန်းများ ဖွင့်လှစ်ထားသည့် စေတီယဂႅဏဘုန်းတော်ကြီးကျောင်း၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဇောတိပါလဘုန်းတော်ကြီးကျောင်း၊ တောင်လှမော်ဘုန်းတော်ကြီးကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား ဖူးမြော်ကာ ဆရာတော်ကြီးများအား  (၇) မယ်ပါ ထောက်ပံပစ္စည်းများ လှူဒါန်းပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။

 

ရသေ့တောင်မြို့ မြို့ပေါ်ရပ်ကွက်များ၌ လေဘေးခိုလှုံရာစခန်း ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးကျောင်းများအပြင် ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းသို့သွားရောက်ပြီး (၇) မယ်ပါထောက်ပံပစ္စည်း ၂၆ အိတ်၊ ဆန်အိတ် ၄၀ နှင့် ပဲ လေးအိတ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ရသေ့တောင်(ပြန်/ဆက်)