ရသေ့တောင်မြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်

ရသေ့တောင် မေ ၂၀

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအား ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင် (၁၁၆)ဦးပါဝင်သောအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းသော အဖွဲ့များသည် အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရမည့် နေရာများဖြစ်သော လမ်းများရုံးဌာနများ၊ သာသနိကအဆောက်အအုံများအား ဦးစားပေးအဆင့်များ သတ်မှတ်ပြီး မေ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြရာ ယနေ့တွင်လည်း ဌာနဆိုင်ရာရုံးများ၊ လူသွားလမ်းများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ရသေ့တောင် (ပြန်/ဆက်)