ရုံတင်ဖို့ နှောင့်နှေးနေဦးမယ့် Mission: Impossible ရုပ်ရှင်များ

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ တွမ်ခရူးစ် ပင်တိုင်ပါဝင်ထားတဲ့ Mission: Impossible ရုပ်ရှင်တွေရဲ့ ရုပ်ရှင်သစ်နှစ်ကား ရုံတင်ပြသဖို့ရာ နှောင့်နှေးနေဦးမှာဖြစ်ပြီး အဆိုပါ ရုပ်ရှင်တွေကို ၂၀၂၃ နဲ့ ၂၀၂၄ မတိုင်မီ ပြသနိုင်ဦးမှာမဟုတ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါရုပ်ရှင်တွေရဲ့ ခုနစ်ကားမြောက် ရုပ်ရှင်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းနဲ့ Mission: Impossible 8 ကို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ရုံတင်ပြသဖို့ရာ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေကြောင့် သတ်မှတ်ထားတဲ့ရက်တွေထက်နောက်ကျပြီး ရုံတင်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။

အေးပြည့်