ရုပ်ရှင်ဇာတ်ကား ကြည့်ရှုလေ့လာမှု အစီအစဉ်ပြုလုပ်မည်

ရန်ကုန် ၅  ဇွန် 


Cria Cuervos ရုပ်ရှင်ဇာတ်ကားအား ကြည့်ရှုပြီး ခွဲခြမ်းစိတ်ဖြာ လေ့လာမှု အစီအစဉ်ကို ဇွန်လ ၉ ရက်၊ နေ့လယ် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်ကြမည်ဖြစ်သည်။


အဆိုပါ အစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၁၈)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ် ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဒါရိုက်တာ Carlos Saura ၏ “Cria Cuervos” ရုပ်ရှင် ဇာတ်ကားသည် Spanish Art-Film အမျိုးအစား လက်ရာကောင်း ဇာတ်ကားတစ်ကား ဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ကိန်းရုပ်ရှင်ပွဲတော်တွင် Special Jury Prize ကို ရရှိခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)