ရုရှားအရှေ့ဖျား၌ ခရီးသည် ၂၈ ဦး လိုက်ပါ စီးနင်းသည့် လေယာဉ်တစ်စင်းနှင့် အဆက်အသွယ် ပြတ်တောက်

မော်စကို ဇူလိုင် ၆

 

ရုရှားနိုင်ငံ၏ အရှေ့ဖျားတွင် လူ ၂၈ ဦးတင်ဆောင်သည့် An-26 အမျိုးအစား လေယာဉ်တစ်စင်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ရုရှားအစိုးရပိုင် Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ရုရှားနိုင်ငံ၏ အရှေ့ဖျား Petropavlovsk-Kamchatsky မြို့မှ ပလားနားမြို့သို့  ဦးတည်ထွက်ခွာသည့် အဆိုပါ လေယာဉ်သည် သတ်မှတ်ထားသည့်အချိန်၌ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

 

ကနဦးသတင်းများအရ အဆိုပါလေယာဉ်ပေါ်တွင် ကလေးတစ်ယောက်နှင့် လေယာဉ်အမှုထမ်းခြောက်ဦး အပါအဝင် ခရီးသည် ၂၂ ဦး လိုက်ပါစီးနင်းကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ