ရုရှားဘလော့ဂါ တွစ်တာပေါ်မှာ အစွန်းရောက်တွီတစ်ခုရေးသားသောကြောင့် ထောင်ဒဏ် ငါးနှစ်ကျခံရ 

၃ စက်တင်ဘာ 

ရုရှားတရားရုံးတ စ်ရုံးကနေ ဘလော့ဂါ ဘလာဒစ်ဗာ ဆင်နစ်စာကို ရုရှားနိုင်ငံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အင်တာနက်ကို အသုံးပြုပြီး အကြမ်းဖက်မှုဖြစ်အောင် ခြိမ်းခြောက်မှုတဲ့အတွက် ထောင်ဒဏ် ၅ နှစ် ဒီကနေ့ ချမှတ်လိုက်တာဖြစ်ပါတယ်။ 

 

11

 

ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်းက ဖြစ်ပွားခဲ့တဲ့ မော်စကိုက ဆန္ဒပြပွဲ မှာ ထောင်ချီတဲ့ လူတွေပါဝင်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ကျင်းပပေးရန် တောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုအပေါ် တုန့်ပြန်တဲ့ တွီတစ်ခုကို ရေးသားခဲ့တဲ့အတွက် ဘလော့ဂါ ဆင်နစ်စာကို အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘလော့ဂါ ဆင်နစ်စာဟာ မော်စကိုမြို့ပြင်မှာ နေထိုင်သူ မန်နေဂျာတစ်ဦးဖြစ်ပြီး တွစ်တာမှာ Max_Steklov အမည်နဲ့ အကောင့် တစ်ခုပိုင်ဆိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ တွီကို ဇူလိုင် ၃၁ ရက်နေ့က တင်ခဲ့ပြီး၊ ပြီးခဲ့တဲ့လက ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။ 

ဆင်နစ်စာက သူ့စိတ်ကူးယဉ်အခြေအနေတစ်ခုအဖြစ် ပြည်ထဲရေးအရာရှိတွေကို ပြန်ပေးဆွဲတာမျိုးနဲ့ သူတို့ရဲ့ ကလေးတွေကို သတ်တာမျိုး ရေးသားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးသူတွေက ဒါက အကြမ်းဖက်မှုဖြစ်တယ်လို့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။ 

ဆင်နစ်စာရဲ့ တွီကို ရုရှားအစိုးရကိုလိုလားတဲ့ သတင်းမီဒီယာတွေက သတင်းအဖြစ် တင်ပြခဲ့ပါတယ်။ တရာစွဲဆိုသူများက အမြင့်ဆုံးထောင်ဒဏ် ၆ နှစ်ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆင်နစ်စာကို တရားကြားနာမှု တစ်ကြိမ်တည်းနဲ့ အခုလို ထောင်ဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP