နေပြည်တော်၊ မတ်၂၁

 

နေပြည်တော်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)စံပြစိုက်ကွင်း၌ မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားသည့် ပြည်ပမှအသစ်တင်သွင်းသော နေကြာ()မျိုး အပါအဝင် ပြည်ပနေကြာမျိုးများကို ယနေ့ နံနက်ပိုင်းရိတ်သိမ်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော် ()မြို့နယ်မှ စိုက်ပျိုးနည်းပညာပေး ဝန်ထမ်းများ၊ နေကြာစိုက်တောင်သူများ ကြည့်ရှုလေ့လာကြသည်။

 

ကြည့်ရှု့လေ့လာစဉ် ဒုတိယဝန်ကြီးက စက်ကိရိယာများနှင့်ကာလကြာရှည်စွာ ထွန်ယက်စိုက်ပျိုး ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျပ်တည်းလွှာရှိသည့်စိုက်ပျိုးမြေတွင် အမြစ်ဆင်းအား ကောင်းမွန်သည့်  နေကြာသီးနှံစိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာများပြုပြင်ရန် များစွာအသုံးဝင်ပါကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေးအတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့လိုအပ်ချက် ဖြည့်တင်းပေး နိုင်ရန် တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ စပ်မျိုး နေကြာစိုက်ပျိုးခြင်းအပြင် သဘာဝဝတ်မှုံကူးမျိုး ဆင်းရွှေကြာ()မျိုးသည်လည်း အထူးအရေးပါ ကြောင်း၊ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် နည်းပညာပေး ခြင်းကို အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆင်းရွှေကြာ- မျိုးအား နှစ်စဉ် စံပွင့်ရွေးချယ်မျိုး ခံစိုက်ပျိုးသည့် အလေ့အထအား တောင်သူများ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေး နှင့် မျိုးမြှင့်တင်ခြင်းလုပ်ငန်းအား မိမိတို့ဝန်ကြီးဌာနက တွန်းအားပေးဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ အဆင့်ဆင့်ကနေကြာ သုတေသနဖွံ့ဖြိုးရေးနှင့်  မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်ရေး တွန်းအား ပေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် တာဝန်ခံကပြည်ပမှ အသစ်တင်သွင်းသော နေကြာ()မျိုး အား စံကွက်ရိတ်သိမ်းမည့်  အစီအစဉ်များအား ရှင်းလင်းပြသပြီး  နေကြာမျိုး ()မျိုးအနက် နေကြာမျိုး ()မျိုးကို စံကွက်ရိတ်သိမ်းခြင်းကို လက်တွေ့ပြသကြသည်။ ဆက်လက်၍ တောင်သူများအား စိုက်ကွင်းအတွင်း ရိတ်သိမ်းရန် အသင့်ဖြစ်နေသည့် နေကြာစိုက်ခင်းတစ်ခင်းခြင်းကိုပြသပြီး တောင်သူများသိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြသ ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)