ရုရှားနိုင်ငံက နိုဝင်ဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ဖြန့်မည်

၂၁ အောက်တိုဘာ

 

 

ဘေးအန္တရာယ်ရေးကင်းရှင်းရေး နှင့် ပတ်သက်ပြီး ကျွမ်းကျင်သူအချို့က စိုးရိမ်ပူပန်မှုများလည်း ရှိနေသော်လည်း  ရုရှားနိုင်ငံက  ပြည်တွင်းထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်မျိုးအား နိုဝင်ဘာလ အစောပိုင်းတွင် စတင်၍ စီမံခန့်ခွဲမည်ဟု ရုရှားနိုင်ငံ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။

 

 

အဆိုပါ ကာကွယ်ဆေးကို ရုရှားနိုင်ငံ၏ ကူးစက်ရောဂါဗေဒနှင့် အဏုဇီဝဗေဒဆိုင်ရာ သုတေသနဌာနက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

 

အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ သုတေသနဌာန အကြီးအကဲဖြစ်သူ အလက်ဇန္ဒားဂင့်ဘတ်ဂ်က သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါ ကာကွယ်ဆေးအား နိုဝင်လာလအတွင်း၌ ဆရာဝန်များ၊ ကျောင်းဆရာများကို စတင် စမ်းသပ်ထိုးနှံပေးမည်ဟု  ၄င်းက ပြောကြားခဲ့သည်။

 

 

ရုရှားနိုင်ငံက ဩဂုတ်လအတွင်းက အဆိုပါကာကွယ်ဆေးကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာကွယ်ဆေး၏ အမည်ကို စပွတ်ညစ်ခ်-ဗွီ ဟု အမည်ပေးခဲ့သည်။

 

 

အဆိုပါ ကာကွယ်ဆေး၏ အပြီးသတ်အဆင့် လက်တွေ့စမ်းသပ်မှုတွင် လူပေါင်း ၄၀၀၀၀ ခန့် ပါဝင်လျက်ရှိပြီး ရုရှားဆေးဝါးကုမ္ပဏီက ဆေးဝါးထုတ်လုပ်မှုကို တိုးချဲ့လျက်ရှိသည်။

 

 

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့် ပထမဆုံးနိုင်ငံအဖြစ် ဂုဏ်ယူကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင်က ပြောကြားခဲ့သည်။

 

 

ရုရှားနိုင်ငံအနေဖြင့် တခြားနိုင်ငံများကိုလည်း ကာကွယ်ဆေး မြန်မြန်ဆန်ဆန် ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု မပြီးမီ ထုတ်လုပ်မှုပြုလုပ်နေခြင်းကို စိုးရိမ်ပူပန်ကြောင်း ရုရှားနိုင်ငံရှိ ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်